back

မူဆယ်ဆင်ဖြူဂိတ်တွင် တပိုင်တနိုင်သယ်ယူသည့် ကုန်များကို မတန်တဆဈေးဖြင့်ရွေးခိုင်း

Mar 14 • 9:24 AM

breaking-news

မြန်မာ

ရှမ်း

cover

မူဆယ်ဆင်ဖြူဂိတ်တွင် တပိုင်တနိုင်သယ်ယူသည့် ကုန်များကို မတန်တဆဈေးဖြင့်ရွေးခိုင်း

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့ ဆင်ဖြူဂိတ်အကောက်ခွန်တွင် တရုတ်ဘက်မှ ဝယ်ယူသယ်ယူလာသည့် တပိုင်တနိုင်ဆွဲကုန်များကို ဖမ်းဆီးကာ မတန်တဆဈေးဖြင့် ပြန်ရွေးခိုင်းနေကြောင...

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့ ဆင်ဖြူဂိတ်အကောက်ခွန်တွင် တရုတ်ဘက်မှ ဝယ်ယူသယ်ယူလာသည့် တပိုင်တနိုင်ဆွဲကုန်များကို ဖမ်းဆီးကာ မတန်တဆဈေးဖြင့် ပြန်ရွေးခိုင်းနေကြောင်း ဒေသခံများက ပြောသည်။ တန်ဖိုးနည်း ပိုက်ဆံအိတ်များကို အလေးချိန်ကျော်သည်ဟု ဆိုကာ ဖမ်းဆီးပြီး တစ်အိတ်လျှင် ကျပ် ၃၀၀၀ နှုန်းဖြင့် ပြန်ရွေးခိုင်းသဖြင့် သယ်ယူသူများ အခက်ကြုံနေရကြောင်း သိရသည်။လမ်းလျှောက်သယ်ယူသည့်သူများတွင် မူဆယ်အကောက်ခွန်သည် တပိုင်တနိုင်သယ်ယူသူများကို မကြာခဏ ဖမ်းဆီး၍ ငွေဖြင့် ပြန်ရွေးခိုင်းနေခြင်းကြောင့် အသေးစား လုပ်သားများ အရှုံးသက်သာမှု မရှိကြောင်း တစ်ဦးက ပြောသည်။ တရုတ်ဘက်မှ လူသုံးကုန်နှင့် အဝတ်အစားများ တပိုင်တနိုင်သယ်ယူခွင့်ပြုထားသော်လည်း မူဆယ်အကောက်ခွန်က ဥပဒေမဲ့ ဖမ်းဆီး ငွေညှစ်နေမှုကြောင့် ဒေသခံများ အခက်ကြုံနေရသည်။


news-view-count-icon

14