ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ အထူးဒေသ(၄)၊ မိုင်းလားမြို့ရှိ ဘုန်းတော်ကြီးကျောင်း(၁၂)ကျောင်းမှကျောင်းထိုင်ဆရာတော်(၁၂)ပါး၏ သိက္ခာထပ်မင်္ဂလာ အခမ်းအနားကို မတ် ၁၁ ရက်တွင်ကျင်းပရာ မိုင်းဖုန်းဆရာတော်ကြီး တော်မူ၍ တရားရေအေး တိုက်ကျွေး တော်မူခဲ့သည်။ မင်္ဂလာအခမ်းအနားမတိုင်မီ မတ် ၁၀ ရက် နံနက်ပိုင်း တွင် ဆရာတော်များကို မိုင်းလားမြို့တွင်း လှည့်လည်အပူဇော်ခံ ခဲ့ပြီး ညပိုင်းတွင်လည်း တရားရေအေး တိုက်ကျွေးတော်မူခဲ့သည်။



