နိုင်ငံခြားသီးနှံများနှင့် တောင်သူလယ်သမားဈေးကွက်အပေါ် သက်ရောက်မှုမရှိသည့်အနေဖြင့် ရပ်ကွက်ဈေးများတွင် အသီးအနှံဈေးများသည် ပုံမှန်အတိုင်း ရှိနေသည်။ပျားလိမ္မော်၊ စပျစ်သီးနှင့် စတော်ဘယ်ရီတို့သည် တစ်ဆယ်သား ၂၀၀၀ ကျပ်ဖြင့် ရောင်းချမည်ဖြစ်ပြီး၊ ဗောက်သီး ၁၅၀၀ ကျပ်၊ ထိုင်ဝမ်ဆီးသီးတစ်ဘူး ၈၀၀-၁၀၀၀ ကျပ်တို့ဖြင့် ဈေးပေါလျက်ရှိသည်။သင်္ဘောသီးနှင့် ဖရဲသီးတို့သည် တစ်လုံး ၆၀၀၀-၁၀၀၀၀ ကျပ်၊ တစ်စိတ် ၁၀၀၀ ကျပ်ဖြင့် ရရှိနိုင်ပြီး၊ သခွားမွှေးသီးနှင့် ကျွဲကောသီးတို့သည် တစ်လုံး ၇၀၀၀-၈၀၀၀ ကျပ်ဈေးထားရှိနေသည်။မှန်ကူသီးတစ်ဆယ်သား ၁၅၀၀ ကျပ်၊ ပန်းသီးတစ်လုံး ၂၅၀၀-၃၅၀၀ ကျပ်တို့ဖြင့် ဈေးအမြင့်အတိုင်းရှိသော်လည်း၊ ငှက်ပျောသီးဈေးကွက်တွင် တဖြည်းဖြည်းတက်လာခြင်း တွေ့ရသည်။ ဖီးကြမ်းငှက်ပျောနှင့် သီးမွှေးငှက်ပျောသီးတို့သည် တစ်ဖီး ၄၀၀၀-၄၅၀၀ ကျပ်အထိ ရောင်းချနေကြသည်။



