ညောင်တုန်းမြို့ မိုးဟုတ်စေတီတော်တွင် (၁၅၉) ကြိမ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်နှင့် ဆွမ်းဆန်တော်စုပေါင်းလောင်းလှူပွဲကို မတ် ၁၃ ရက်တွင် ကျင်းပခဲ့သည်။ပွဲအတွင်း သံဃာတော်များ၊ သီလရှင်များ၊ မြို့နယ်သံဃနာယကဆရာတော်များ၊ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ဒေသခံများ ပါဝင်တက်ရောက်ကာ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများကို ရိုသေကြည်ညိုစွာ လှူဒါန်းခဲ့ကြသည်။ ထို့နောက် ရေစက်သွန်းလောင်းကာ အမျှပေးဝေခဲ့ကြောင်း သိရသည်။



