မန္တလေးမြို့တွင် ၂၀၂၃ ခုနှစ်မှစ၍ ဟိုတယ်လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်မှုများလာပြီး တည်းခိုသူများလည်း တဖြည်းဖြည်း များလာသည်။ ယခင်က ယာယီပိတ်သိမ်းထားခဲ့သည့် ဟိုတယ်များမှ အချိန်ပိုင်း ဝန်ဆောင်မှုများဖြင့် ပြန်လည်လည်ပတ်လာကြပြီး လက်ရှိတွင် ဟိုတယ် ၁၀၀ ကျော်သည် ပြန်လည်ဖွင့်လှစ်ထားကြောင်း မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်) မှ သိရသည်။



