ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ကျင်းပသည့် ၅၀ ကြိမ်မြောက် ဂျပန်အပြည်ပြည်ဆိုင်ရာ စားသောက်ကုန်နှင့် အဖျော်ယမကာပြပွဲတွင် မြန်မာနိုင်ငံမှ ပထမဆုံးအဖြစ် တရားဝင် ပါဝင်ပြသခဲ့သည်။Tokyo International Exhibition Center တွင် မတ်လ ၁၁ ရက်နေ့ ဖွင့်ပွဲကျင်းပရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန် တက်ရောက်ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ မြန်မာ့စားသောက်ကုန်များကို နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်နိုင်ရန် ရည်ရွယ်ပြီး မြန်မာကုမ္ပဏီများမှ ကော်ဖီ၊ လက်ဖက်ခြောက်၊ ပျားရည်၊ သရက်သီးခြောက်၊ မက္ကဒေးမီးယား၊ နှမ်းနှင့် ပဲမျိုးစုံ စသည်တို့ ပါဝင်ပြသခဲ့ကြောင်း သိရသည်။



