back

ရန်ကုန်တိုင်းဒေသကြီး သီလဝါအိမ်ရာ အခန်းများအတွက် ယာယီနေထိုင်ခွင့် မတ် ၂၀ ရက်မှ စတင်ထုတ်ပေးမည်

Mar 13 • 6:54 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တိုင်းဒေသကြီး သီလဝါအိမ်ရာ အခန်းများအတွက် ယာယီနေထိုင်ခွင့် မတ် ၂၀ ရက်မှ စတင်ထုတ်ပေးမည်

၂၀၂၅ ဇန်နဝါရီ ၂၈ ရက်တွင် ရောင်းချခဲ့သော သီလဝါအိမ်ရာအခန်းများအတွက် ယာယီနေထိုင်ခွင့်ကို မတ် ၂၀ ရက်မှစတင်ထုတ်ပေးမည်ဟု မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ထုတ်ပ...

၂၀၂၅ ဇန်နဝါရီ ၂၈ ရက်တွင် ရောင်းချခဲ့သော သီလဝါအိမ်ရာအခန်းများအတွက် ယာယီနေထိုင်ခွင့်ကို မတ် ၂၀ ရက်မှစတင်ထုတ်ပေးမည်ဟု မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ထုတ်ပြန်သည်။အခန်းဝယ်ယူခွင့်ရရှိထားသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကိုယ်တိုင်လာရောက်၍ သက်ဆိုင်သော မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း မိတ္တူများဖြင့် ထုတ်ယူနိုင်မည်ဖြစ်ပြီး ကိုယ်စားလှယ်မှ ထုတ်ယူလိုပါက လိုအပ်သည့်စာရွက်စာတမ်းများ တင်ပြရမည်ဖြစ်သည်။


news-view-count-icon

25