back

ရှမ်းပြည်မြောက်ပိုင်းသီပေါ-လားရှိုးကြား စဉ့်အင်တံတား ကြမ်းခင်းပြင်ဆင်နေ

Mar 13 • 6:47 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်မြောက်ပိုင်းသီပေါ-လားရှိုးကြား စဉ့်အင်တံတား ကြမ်းခင်းပြင်ဆင်နေ

ရှမ်းပြည်မြောက်ပိုင်း ရှိ သီပေါမြို့မှ လားရှိုးသွားကားလမ်းပေါ်ရှိ စဉ့်အင်တံတား ကြမ်းခင်းများ ပျက်စီးနေသဖြင့် မတ်လ၁၂ရက်မှ စတင်ကာ အကြီးစားပြင်ဆင်မှုများ ဆောင်ရွက်...

ရှမ်းပြည်မြောက်ပိုင်း ရှိ သီပေါမြို့မှ လားရှိုးသွားကားလမ်းပေါ်ရှိ စဉ့်အင်တံတား ကြမ်းခင်းများ ပျက်စီးနေသဖြင့် မတ်လ၁၂ရက်မှ စတင်ကာ အကြီးစားပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း ခရီးသွားယာဥ်မောင်းတစ်များထံမှ သိရပါတယ်။တံတားပြင်ဆင်ချိန်မှာ အနည်းဆုံး ၃ ရက်မှ ၅ ရက်ခန့်အထိ ကြာမြင့်နိုင်ပြီး တံတားပြင်ဆင်နေစဥ်အတွင်း စဉ့်အင်ဖောင်ဆိပ်ကို နံနက်၇နာရီမှ ည၇နာရီအထိ ဖြတ်သန်းခွင့်ပြုသွားမည်ဖြစ်ပါတယ်။မန္တလေး- လားရှိူ ခရီးသည်တင် ယာဥ်များအနေဖြင့် သီပေါ- မိုးတေ-မန်စံ-အီနိုင်း-လားရှိုးလမ်းပိုင်းကိုလည်း အသုံးပြုသွားလာနိုင်ကြောင်း သိရပါတယ်။

news-view-count-icon

28