မတ်လ ၁၁ ရက်နေ့ ၀၉နာရီ၄၀ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ကျိုင်းတုံမြို့နယ်၊ ကျိုင်းဖောင်းကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် မိုင်းပျဉ်းမြို့ဘက်မှ ကျိုင်းတုံမြို့ဘက်သို့ ကျော်ကျော်ထက်အောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၉ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၆,၃၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ၀၉ နာရီ၄၅ မိနစ်အချိန် သက်ကျော်ဦး အား အဆိုပါနေရာ၌ LIFAN အမျိုးအစား မော်တော်ယာဉ် ၁ စီး၊ ဘိန်းဖြူ ဘလောက်တုံး ၁၄၀ တုံး၊ အလေးချိန် ၄၉ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၇,၃၅၀)၊ လက်ကိုင်ဖုန်း ၁ လုံးတို့နှင့်အတူ ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ကျော်ကျော်ထက်အောင်(၃၂)နှစ် နှင့် သက်ကျော်ဦး(၂၈)နှစ်တို့အား ကျိုင်းတုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိပါတယ်။
ရှမ်းပြည်နယ်၊ကျိုင်းတုံမြို့နယ်တွင် ငွေကျပ်သိန်း ၇,၃၅၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားနှင့် ဘိန်းဖြူ ဘလောက်တုံးများ ဖမ်းဆီးရမိခဲ့
Mar 13 • 5:49 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 48 | 0 | 0 | 0 |


