မတ်လ(၁၂) ရက်၊ ညနေ (၄) နာရီ မိနစ် (၅၀)ခန့်ကအမြန်လမ်းမကြီး မန္တလေး - နေပြည်တော်ဘက်ခြမ်းတွင် မြတ်မန္တလာထွန်း ခရီးသည်တင်ယာဉ်တစ်စီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်ဟု အမြန်လမ်းမီးသတ်တပ်ဖွဲ့ထံမှ သိရပါတယ်။ယာဉ်မီးလောင်မှုကြောင့် ယာဉ်တစ်စီးလုံးနီးပါးမီးလောင်ကျွမ်းခဲ့ပြီး ယာဉ်ပေါ်လိုက်ပါလာသူ ခရီးသည်များ၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များပါ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိပေမဲ့အဆိုပါခရီးသည်တင်ယာဉ်မီးလောင်မှုနှင့် ပတ်သက်၍ အသက် (၄၄)နှစ်အရွယ် ယာဉ်မောင်းအမျိုးသားအား ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် ပန်းတင်အမြန်လမ်းရဲစခန်းက အမှုဖွင့်အရေးယူထားပါတယ်။
အမြန်လမ်းတွင် မြတ်မန္တလာထွန်း ခရီးသည်တင်ယာဉ်တစ်စီး အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား၍ယာဉ်မောင်းအမျိုးသားအား အမှုဖွင့်ထား
Mar 13 • 4:47 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 30 | 0 | 0 | 0 |


