မကွေးတိုင်း ၊ ပွင့်ဖြူမြို့နယ် ၊ မုန်းဇလဲရွာမှာ ဖြစ်ပွားခဲ့တဲ့မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ ၄၅၀ ရှိတဲ့အနက် အိမ်ခြေ ၄၀၀ လောက် မီးထဲပါသွားခဲ့ပြီး လူပေါင်း ၂၀၀၀ လောက် မီးဘေးသင့်ခဲ့ရပါတယ်။မီးလောင်ကျွမ်းမှုမှာ လူနေအိမ်အပြင် သိုလှောင်ထားတဲ့ စားနပ်ရိက္ခာတွေ၊ကောက်ပဲသီးနှံတွေ၊ မွေးမြူထားတဲ့တိရိစ္ဆာန်တွေအပါအဝင် အဝတ်အစား စတဲ့ပစ္စည်းတွေအားလုံး မီးလောင်ပျက်စီးသွားတာကြောင့် မီးဘေးသင့်သူတွေတွေအတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်။လက်ရှိမှာတော့ မီးဘေးသင့်သူတဲ့ မုန်းဇလဲရွာဒေသခံ တွေက ဘုန်းကြီးကျောင်း ၊စာသင်ကျောင်းနဲ့ အသိမိတ်ဆွေ ၊ဆွေမျိုးတွေရဲ့နေအိမ်တွေမှာ ယာယီခိုလှုံနေထိုင်နေကြရပါတယ်။မီးဘေးသင့်ပြည်သူတွေအတွက် အစားအသောက်နဲ့သောက်ရေသန့်အပြင် အဝတ်အစား၊တစ်ကိုယ်ရေသုံးပစ္စည်းတွေ ၊ ပြန်လည်ထူ ထောင်ရေးအတွက် အိုးခွက်ပန်းကန်တွေ၊ အဆောက်အဦးအတွက်ပစ္စည်းတွေ စတဲ့ပစ္စည်း အကူအညီတွေလိုအပ်နေပါတယ်။



