၁၃.၃.၂၀၂၅ ရက်ယနေ့၊ ၀၉နာရီ ၁၄ မိနစ်အချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ ၁၀ ရပ်ကွက်၊ ၃၂ လမ်းနှင့် အနော်ရထာလမ်းထောင့်တွင် ဝိုင်ဖိုင်ကြိုးများ မီးလောင်မှုဖြစ်ပွားခဲ့ရာ သတင်းရရှိသဖြင့် ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၀၉နာရီ ၁၆ မိနစ်အချိန်တွင် မီးငြိမ်းခဲ့ပါတယ်။



