ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်ရှိ လန်ဆယ်ရွှေမှော်မှာ တနိုင်တပိုင် ရွှေကျင်သူ ဒေသခံတွေရဲ့ ရွှေကျင်စက်ဆိုင်းတွေ ဖျက်ဆီးခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ မှော်ပိတ်ချိန် စက်တွေကို ရွှေ့ခိုင်းခဲ့တာ ရှိပေမယ့် ဒေသခံတွေက အချိန်မကြာပဲ မှော်ပြန်ဖွင့်မယ် အထင်နဲ့ ပစ္စည်းတွေ မသိမ်းခဲ့ကြဘူးလို့ ဆိုပါတယ်။ အဲဒီစက်ဆိုင်း တစ်လုံးရဲ့ တန်ဖိုးက သိန်းရာကျော် ကုန်ကျတယ်။ ပူတာအို ဒေသခံတွေက အရင်ကတည်းက အရမ်းခက်ခဲတဲ့ ကြားကထဲက ဝယ်ထားကြတာ။ အဲဒီလို မီးရှို့ ဖျက်ဆီး လိုက်တော့ သွားပြီလေ လို့ နောက်ထပ် ဒေသခံ တစ်ယောက်က ပြောပါတယ်။



