ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ပေါက်ကုန်းကျေးရွာအုပ်စု၊ ကျီးပင်ဆိပ်ကျေးရွာ၌ ဂဟေဆက်သင်တန်းဖွင့်ပွဲကို မတ် ၁၁ ရက်နေ့တွင် ကျင်းပခဲ့ရာ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးထင်ကျော်နှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ တာဝန်ရှိသူများက အမှာစကားများပြောကြားပြီး၊ မတ် ၁၁ ရက်မှ ၂၁ ရက်အထိ သင်တန်းသား ၂၅ ဦးအား ဂဟေဆက်အတတ်ပညာဆိုင်ရာ စာတွေ့လက်တွေ့သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။



