ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်)မှ လေးမြွှာပူးကလေးများနှင့် ဝန်ထမ်းများအတွက် အလှူငွေပေးအပ်ခြင်းအခမ်းအနားကို မတ်လ ၁၂ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးက အလှူငွေပေးအပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဆေးရုံအုပ်ကြီး က ဆေးရုံ၌ မိခင်နှင့်ကလေးများ ဆေးကုသမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးနှင့် တိုင်းရင်းသားရေးရာဝန်ကြီးတို့က ဆေးရုံဝန်ထမ်းများအတွက် ငွေကျပ် ၁၀ သိန်းနှင့် လေးမြွှာပူးမိခင်အတွက် ငွေကျပ် ၁၀ သိန်းတို့ကို ပေးအပ်ခဲ့ကြသည်။



