ရန်ကုန်မြို့ ၊မဟာဗန္ဓုလမ်းနှင့်ဗိုလ်ချုပ်လမ်းတွင်လမ်းမီးလုံး (၂၀၀ )ထွန်းညှိသွားမည်ဖြစ်ကြောင်းရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ သိရသည်။ညအချိန်ပြည်သူများ ယာဥ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းစေရေး၊ညအချိန်အလင်းရောင်ကောင်းစွာရရှိပြီး ဒုစရိုက်မှုများကင်းရှင်းစေရေးတို့အတွက်ဖြစ်ပြီး မဟာဗန္ဓုလမ်းတွင် ၅.၁၁ မိုင်၊ ဗိုလ်ချုပ်လမ်းတွင် ၄.၁၈ မိုင်အားမြေအောက်ဓာတ်အားလိုင်းများချမြှုပ်လျက် လမ်းလယ်ကျွန်းဓာတ်မီးတိုင် စုစုပေါင်း ၈၉ တိုင်စိုက်ထူကာLED(150)Wလမ်းမီးလုံး (၂၀၀ )ထွန်းညှိသွားမည်ဖြစ်ကြောင်း သိရသည်။



