ငွေလဲနှုန်း ၃၅၉၆ ကျပ်နဲ့ အမေရိကန်ဒေါ်လာ ၃၃.၅ သန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မတ်လ (၁၁) ရက်နေ့မှာ ထုတ်ရောင်းခဲ့ပါတယ်။ ထို့အပြင် ငွေလဲနှုန်း ၁၃၀.၃ ကျပ်နဲ့ ထိုင်းဘတ် ၁၅၆.၄၆၆ သန်းလည်း ရောင်းပေးခဲ့ပါတယ်။ ထိုနေ့တစ်ရက်တည်းမှာ AD လိုင်စင်ရဘဏ်တွေနဲ့ လုပ်ငန်းရှင်တွေအကြား အမေရိကန်ဒေါ်လာ ၆၄.၃၇၀ သန်း၊ တရုတ်ယွမ် ၄.၃၃၇ သန်းနဲ့ ထိုင်းဘတ် ၁၈၆.၂၀၆ သန်း အလွှဲအပြောင်းရှိခဲ့ပါသည်။



