သင်္ကြန်ကာလအတွင်း နေရပ်ပြန်လိုသော မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား ရွှေ့ပြောင်းလုပ်သားများကို ဧပြီ ၁ ရက်မှ မေ ၁၅ ရက်အထိ ဗီဇာကင်းလွတ်ခွင့်ဖြင့် ထိုင်းအစိုးရက ခွင့်ပြုလိုက်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ဝေါ့ပါမစ်နှင့် ဗီဇာရရှိထားပြီးသား လုပ်သားများအတွက် Re-Entry Permit လျှောက်ထားစရာမလိုဘဲ နေရပ်ပြန်နိုင်မည်ဖြစ်သည်။ သို့သော်လည်း လက်ရှိ မြန်မာနိုင်ငံရေးအခြေအနေကြောင့် နေရပ်ပြန်သူနည်းပါးနိုင်ကြောင်း ထိုင်းရောက်မြန်မာအလုပ်သမားများက သုံးသပ်ကြသည်။ မေ ၁၅ ရက်နောက်ပိုင်း ထိုင်းသို့ပြန်ဝင်သူများသည် သတ်မှတ်အခကြေးငွေ ပေးဆောင်ရမည်ဖြစ်သည်။



