မတ်လ ၁၁ ရက်နေ့ ညနေ ၄ နာရီခွဲတွင်
အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (IFRC) ၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Alexander James Matheou မှ IFRC က မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) ၏ လုပ်ငန်းများ ပိုမိုအားကောင်းလာစေရေး ကူညီပံ့ပိုးမှုအခြေအနေများနှင့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီ ပိုမိုပေးအပ်နိုင်မည့် နည်းလမ်းများအပေါ် အမြင်ချင်း ဖလှယ်ဆွေးနွေးကြပါတယ်။



