၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ(၄)ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၄)ရက်နေ့အထိ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာသည့် ထုတ်ဝေခြင်းလုပ်ငန်းအတွက် အသစ်လျှောက်ထားသူ မဂ္ဂဇင်းနှစ်ဦးနှင့် အထွေထွေ ၃၅ ဦး စုစုပေါင်း ၃၇ ဦးအား ၂၀၂၅ ခုနှစ်၊ မတ်လ(၅)ရက်နေ့က ပြုလုပ်ခဲ့သည့် ပြန်ကြားရေးဝန်ကြီးဌာနစီမံခန့်ခွဲရေးကော်မတီအစည်းအဝေးတွင် အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးရန် ခွင့်ပြုပေးခဲ့ပါတယ်။ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများပြဋ္ဌာန်းသည့် ၁၀-၁၀-၂၀၁၄ ရက်နေ့မှစ၍ ယနေ့အထိ ပုံနှိပ်ခြင်းလုပ်ငန်း ၁၆၉၉ ဦး၊ ထုတ်ဝေခြင်းလုပ်ငန်း ၃၅၀၈ ဦးနှင့် သတင်းအေဂျင်စီလုပ်ငန်း ၄၁၀ စုစုပေါင်း ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်း အေဂျင်စီလုပ်ငန်း ၅၆၁၇ ဦးအား အသိအမှတ်ပြုလက်မှတ်များ စိစစ်ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါတယ်။
ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာသူ ၃၇ ဦးအား အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးရန် ပြန်ကြားရေးမှခွင့်ပြုခဲ့
Mar 12 • 4:35 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 24 | 0 | 0 | 0 |


