ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ် အာဏာပိုင်များက မြန်မာအခြေစိုက် လိမ်လည်လှည့်စားသည့် စင်တာများတွင် လုပ်ကိုင်ခဲ့သော နိုင်ငံခြားသား အမျိုးသား ၃၇ ဦး၊ အမျိုးသမီး ၈ ဦး စုစုပေါင်း ၄၅ ဦးကို နေရပ်ပြန်ပို့ရန် အိန္ဒိယ နယူးဒေလီရှိ အီသီယိုးပီးယားသံရုံးမှ ကိုယ်စားလှယ်များထံ အင်္ဂါနေ့ (မတ် ၁၁)တွင် လွှဲပြောင်းပေးခဲ့ပါတယ်။ အဆိုပါနိုင်ငံခြားသားများအား သုဝဏ္ဏဘူမိလေဆိပ်မှ လေယာဉ်ဖြင့် ပို့ဆောင်ရန် လည်းစီစဉ်ထားပါတယ်။



