လက်ရှိဖြစ်ပေါ်နေသော စီးပွားရေးအခြေအနေကြောင့် ရန်ကုန်မြို့ပေါ်တွင် နေထိုင်စားသောက်စရိတ် ကြီးမြင့်လာမှုကြောင့် မြို့ပေါ်နေအိမ်များကို ရောင်းချကာ တန်ဖိုးနည်းမြို့သစ်များသို့ ပြောင်းရွှေ့နေထိုင်မှုများလာကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။ စီးပွားရေးအဆင်မပြေမှု၊ ကျန်းမာရေးစရိတ်လိုအပ်မှု၊ စီးပွားရေးပြန်လည်တည်ဆောက်လိုမှုနှင့် နေ့စဉ်ရင်ဆိုင်နေရသော ပြဿနာများကြောင့် သာကေတ၊ ဒေါပုံ၊ အရှေ့ဒဂုံ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ သန်လျင်၊ မြောက်ဥက္ကလာပ အစရှိသော မြို့သစ်များသို့ ရွေ့ပြောင်းနေထိုင်မှုများလာကြောင်း ဒေသခံများထံမှ သိရသည်။



