back

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွား

Mar 12 • 1:25 AM

breaking-news

မြန်မာ

မွန်

breaking-news
cover

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွား

၁၂.၃.၂၀၂၅ရက်ယနေ့၊ ၀၂နာရီ ၀၀ အချိန်ခန့်၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရေးမြို့န...

၁၂.၃.၂၀၂၅ရက်ယနေ့၊ ၀၂နာရီ ၀၀ အချိန်ခန့်၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရေးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ရန်ကြီးအောင်အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ဇီးဖြူသောင်အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ပုဂ္ဂလိကပိုင်ပရဟိတအသင်းမှ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၀၂ နာရီ၄၅မိနစ် အချိန် တွင်မီးငြိမ်းနိုင်ခဲ့ပါတယ်။



news-view-count-icon

15