၁၁.၃.၂၀၂၅ ရက်နေ့၊ ၂၁ နာရီ၅၅ မိနစ်အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ငသက်ကျေးရွာအနီး၊ ရန်ကုန် - မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ် ၃၂၀/၁နှင့်၃၂၀/၂ကြားတွင် ၂၂ဘီးကားအင်ဂျင်အပူများ၍မီးလောင်မှုဖြစ်ပွားခဲ့ရာ သတင်းရရှိသဖြင့် ဝမ်းတွင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊မိတ္ထီလာမြို့နယ်၊ စက်မှုဇုံအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ လျှော်ပင်နယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်းမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၂၂ နာရီ၁၀မိနစ် အချိန်တွင် မီးငြိမ်းနိုင်ခဲ့ပါတယ်။
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ငသက်ကျေးရွာအနီး၊ ရန်ကုန် - မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ် ၃၂၀/၁နှင့်၃၂၀/၂ကြားတွင် ကားမီးလောင်မှုဖြစ်ပွားခဲ့
Mar 12 • 1:21 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 18 | 0 | 0 | 0 |


