back

ပဲခူးတိုင်းဒေသကြီး၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကျင်းပ

Mar 12 • 1:05 AM

breaking-news

မြန်မာ

ပဲခူး

cover

ပဲခူးတိုင်းဒေသကြီး၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကျင်းပ

ပဲခူးမြို့ မြို့တော်ခန်းမ၌ မတ်လ ၈ ရက်နေ့ နံနက်ပိုင်းတွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကို ကျင်းပခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် တာဝန်ရှိသူမ...

ပဲခူးမြို့ မြို့တော်ခန်းမ၌ မတ်လ ၈ ရက်နေ့ နံနက်ပိုင်းတွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကို ကျင်းပခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကာ စားသုံးသူအခွင့်အရေး တိုးတက်ကောင်းမွန်ခြင်းသည် စီးပွားရေးလုပ်ငန်းရှင်များ၏ ကုန်ပစ္စည်းအရည်အသွေး တိုးတက်ကောင်းမွန်ခြင်း၊ ပြည်သူများ လုံခြုံစိတ်ချရမှုရှိခြင်းတို့မှတစ်ဆင့် နာမည်ကောင်းရရှိခြင်း၊ ရောင်းအားကောင်းလာခြင်းနှင့် ဈေးကွက်ပိုမိုရရှိခြင်းများဖြစ်ပေါ်စေကာ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်မည့် ကုန်စည်များထုတ်လုပ်ရောင်းချသွားနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဦးစီးမှူးက အခမ်းအနားကျင်းပရခြင်းနှင့်ပတ်သက်၍ ပြောကြားခဲ့ပြီး ပြခန်းအတွင်း ပြသထားသည့် စားသုံးသူအခွင့်အရေးဆိုင်ရာ အသိပညာပေးပြခန်းကို လှည့်လည်ကြည့်ရှုကြောင်း သိရသည်။


news-view-count-icon

12