နေပြည်တော် ဝဏ္ဏသိဒ္ဓိမြားပစ်ကွင်း၌ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင် မြားပစ်အားကစားသမားများ၏ လက်ရည်ဆန်းစစ်ပွဲကို မတ် ၁၁ ရက်တွင် ကျင်းပခဲ့ပြီး ပြည်ထောင်စုဝန်ကြီး နှင့် တာဝန်ရှိသူများက တက်ရောက်အားပေးခဲ့ကာ၊ ပြိုင်ပွဲတွင် ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ အားကစားသမားများအား နေ့လယ်စာဖြင့်လည်း တည်ခင်းဧည့်ခံခဲ့သည်။



