မတ်လ ၁၁ ရက် နေ့လယ် ၁ နာရီက သုဝဏ္ဏ ကွင်းအတွင်းရှိ သတင်းစာရှင်းလင်းပွဲ ခန်းမတွင်
Media Partnership Signing Ceremony နှင့် MFF U-19/ U16 Futsal Youth League 2025 ပြိုင်ပွဲများ ပွဲစဉ် ရေးဆွဲပွဲ အခမ်းအနားကို ကျင်းပခဲ့ပါတယ်။အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီဥက္ကဋ္ဌ ဦးဝင်းသော်၊ ဖူဆယ်လိဂ် ကော်မတီဥက္ကဋ္ဌ ဦးကြည်မင်းသိန်း၊ ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီဒုတိယ ဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက်၊ ဘောလုံးအဖွဲ့ချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးစည်သူဝင်း၊ HTV မှ CEO ဦးဇေယျာမင်းနှင့်၊ COO ဦးဝေယံလင်းနိုင်နှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အသင်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။



