အမျိုးသားပြတိုက်(ရန်ကုန်)ကို မတ်လ(၁၂)ရက်မှ (၁၇)ရက်အထိ(၆)ရက်ပိတ်ထားမှာဖြစ်တယ်လို့ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီး ဌာနရဲ့ထုတ်ပြန်ထားပါတယ်။ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံရဲ့လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းများအက်ဥပဒေအရ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၆ရက်နေ့အထိသည် အများပြည်သူရုံးပိတ်ရက်များအဖြစ် သတ်မှတ်ထားပါသဖြင့် အဆိုပါနေ့တွေမှာ အမျိုးသားပြတိုက်(ရန်ကုန်)ကို ပိတ်ထားမှာဖြစ်ကြောင်းနှင့် ၂၀၂၅ခုနှစ် မတ်လ ၁၇ရက်နေ့(တနင်္လာနေ့)သည်လည်း ပြတိုက်ပိတ်ရက်ဖြစ်ပါကြောင်း ပြည်တွင်း၊ ပြည်ပ ဧည့်သည်များအား အသိပေးကြေညာထားပါတယ်။ အဆိုပါပြတိုက်ကို ၂၀၂၅ခုနှစ်၊ မတ်လ ၁၈ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားထုတ်ပြန်ထားပါတယ်။
အမျိုးသားပြတိုက်(ရန်ကုန်)ကို (၆)ရက်တိတိပိတ်ထားမည်ဟု ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီး ဌာနမှထုတ်ပြန်
Mar 11 • 9:08 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 33 | 0 | 0 | 0 |


