back

ရှမ်းပြည်နယ်၊တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၂,၃၀၃.၂ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့

Mar 11 • 8:26 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၂,၃၀၃.၂ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့

မတ်လ ၉ ရက်နေ့ ၁၆နာရီ၁၅ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ရှမ်းပြည်နယ်၊တာခ...

မတ်လ ၉ ရက်နေ့ ၁၆နာရီ၁၅ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ရှမ်းပြည်နယ်၊တာချီလိတ်မြို့နယ်၊ မယ်ယန်းကျေးရွာအနီးတွင် စိုင်းဟောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ပြောင်းဆေးဝါး ကက်တမင်း အလေးချိန် ၃၀၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၃၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ၁၆နာရီ၃၀ မိနစ်အချိန်တွင် ၎င်းငှားရမ်းနေထိုင်သည့် တာချီလိတ်မြို့နယ်၊ ပါဝုန်းကျေးရွာရှိ နေအိမ်အတွင်းမှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း အလေးချိန် ၉၅၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၉၅ သိန်း)နှင့် Happy Water အလေးချိန် ၁၆၂ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၇၈.၂ သိန်း)တို့အား လည်းကောင်း၊ အလားတူ မတ်လ ၁၀ ရက်နေ့ ၁၀နာရီ၀၀ အချိန် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ ဟာကြားမနိုးကျေးရွာအနီးတွင် ချီးအေး မောင်းနှင်ပြီး အားညွေ့ လိုက်ပါလာသည့် TOYOTA HILUX VIGO အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သယ်ဆောင်လာသော ဆာလာအိတ်များအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂,၀၀၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား လည်းကောင်း တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် စိုင်းဟောင်(၂၉)နှစ်၊ ချီးအေး(၄၆)နှစ် နှင့် အားညွေ့(၅၁)နှစ်တို့အား ဟောင်လိတ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိပါတယ်။



news-view-count-icon

20