back

မြန်မာ့ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သမှ ခန့်မှန်းချက်ထုတ်ပြန်

Mar 11 • 4:50 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မြန်မာ့ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သမှ ခန့်မှန်းချက်ထုတ်ပြန်

(၂၀၂၅ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့၊နံနက်(၁၀:၃၀)နာရီအချိန်ထုတ်ပြန်ချက်)အရဘင်္ဂလားပင်လယ်အော်အ‌ခြေအနေဟာကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အလယ်ပိုင်းတို...

(၂၀၂၅ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့၊နံနက်(၁၀:၃၀)နာရီအချိန်ထုတ်ပြန်ချက်)အရဘင်္ဂလားပင်လယ်အော်အ‌ခြေအနေဟာကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် တိမ်အသင့် အတင့် ဖြစ်ထွန်းနေပြီး၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီးရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်ဟာ နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်၍အမြင့်တာအားဖြင့် ၄ မိုင်၊ မိုးရွာစဉ် ၁ မိုင်ခန့်နဲ့ရေပြင်လေဟာ မြောက် (သို့) အနောက်မြောက်၊ တစ်နာရီပင်လယ်မိုင် ၁၀-၁၅ မိုင်၊ တစ်ခါတစ်ရံ မိုင် ၂၀ မှ ၂၅ မိုင်ခန့်ရှိပြီးလှိုင်းအ‌ခြေအနေမှာ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိကာလှိုင်းအမြင့်မှယ ၄ ပေမှ ၇ ပေခန့်ထိရှိနိုင်ပါတယ်။ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်မှာ-အမြင့်တာ ၅ မိုင်နဲ့အတူရေပြင်လေမှာ-မြောက် (သို့) အနောက်မြောက်၊ တစ်နာရီပင်လယ်မိုင် ၁၀-၁၅ မိုင်၊ တစ်ခါတစ်ရံ မိုင် ၂၀ မှ ၂၅ မိုင်ခန့်ရှိပြီး လှိုင်းအ‌ခြေအနေဟာလှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ကာလှိုင်းအမြင့်မှာ ၄ ပေမှ ၇ ပေခန့်ရှိနိုင်ကြောင်းထုတ်ပြန်ထားပါတယ်။


news-view-count-icon

19