မတ် ၁၀ ရက်နေ့မှာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်ကော်ဖီဥယျာဉ် ရှင်းလင်းဆောင်၌ ပြင်ဦးလွင်ကော်ဖီစီမံကိန်းဇုန် ကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင်နှင့် တာဝန်ရှိသူများအား တွေ့ဆုံသည်။



