back

မြန်မာနိုင်ငံအခြေစိုက်အွန်လိုင်းငွေလိမ်ဂိုဏ်းက အိန္ဒိယနိုင်ငံသား (၃၀၀) နီးပါး နေရပ်ပြန်ပို့

Mar 10 • 2:05 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနိုင်ငံအခြေစိုက်အွန်လိုင်းငွေလိမ်ဂိုဏ်းက အိန္ဒိယနိုင်ငံသား (၃၀၀) နီးပါး နေရပ်ပြန်ပို့

မြန်မာနိုင်ငံအခြေစိုက် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေက လွတ်မြောက်လာတဲ့ အိန္ဒိယနိုင်ငံသား (၃၀၀) နီးပါးကို ထိုင်းနိုင်ငံကတဆင့် နေရပ်ပြန်ပို့ပေးလိုက်ကြောင်း သိရပါသည်။အ...


မြန်မာနိုင်ငံအခြေစိုက် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေက လွတ်မြောက်လာတဲ့ အိန္ဒိယနိုင်ငံသား (၃၀၀) နီးပါးကို ထိုင်းနိုင်ငံကတဆင့် နေရပ်ပြန်ပို့ပေးလိုက်ကြောင်း သိရပါသည်။အိန္ဒိယအစိုးရတာဝန်ရှိသူတွေ မြန်မာနိုင်ငံထဲသွားရောက်ပြီး ပြန်လွတ်လာသူတွေနဲ့ အထုပ်အပိုးတွေကို ဘတ်စ်ကား (၁၀) စင်းနဲ့ ထိုင်းနိုင်ငံနယ်စပ်မြို့ မဲဆောက်လေယာဉ်ကွင်းကို ခေါ်လာခဲ့ကြတာပါ။ အမျိုးသား (၂၆၆) ယောက်၊ အမျိုးသမီး (၁၇) ယောက်ကိုတော့ အိန္ဒိယအစိုးရက C-17 သယ်ယူ ပို့ဆောင်ရေး လေယာဉ်နဲ့ နေရပ်ပြန်ခေါ်သွားခဲ့ကြပါတယ်။ မနက်ဖြန် အင်္ဂါနေ့မှာလည်း နောက်ထပ် (၂၅၇) ယောက် အိန္ဒိယနိုင်ငံကို ပြန်ပို့ဖို့ စီစဉ်ထားကြောင်း သိရပါသည်။



news-view-count-icon

22