စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ဝန်းသို)၊ မြတ်ဆရာခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ ၂၀၂၄-၂၀၂၅ပညာသင်နှစ်၊ နွေရာသီ မူလတန်းအဆင့် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းနှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲ အချိန်က ကျင်းပသည်။မူလတန်းအဆင့် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းတွင် ကျောင်းသား၊ ကျောင်းသူ (၄၆၅ ) ဦးတို့ ကို သင်တန်းနည်းပြဆရာ/ဆရာမ(၃၃) ဦးတို့က ဗုဒ္ဓဝင်အကျဉ်း၊ သြကာသကန်တော့ချိုးနှင့်တကွ ငါးပါး သီလ ခံယူဆောက်တည်ပုံ၊ ဘုရားဂုဏ်တော်ကိုးပါး၊ တရားဂုဏ်တော်ခြောက်ပါး၊ သံဃဂုဏ်တော်ကိုးပါး အကြောင်း၊ မင်္ဂလာသုတ်၊ အထွေထွေယဉ်ကျေးမှုအကြောင်း၊ ပါရမီ (၁၀)ပါး၊ ယဉ်ကျေးလိမ္မာကဗျာများ၊ ပြည်သူ့နီတိဆိုင်ရာ စသည့်ဘာသာရပ်တို့ကို သင်တန်းကာလ(၁၁)ရက်ကြာလည်းကောင်း၊ အလယ်တန်းအဆင့် အင်္ဂလိပ်စာသင်တန်းတွင် ကျောင်းသား၊ ကျောင်းသူ (၁၄၄ ) ဦးတို့ကို သင်တန်းနည်းပြဆရာ/ဆရာမ( ၁၆) ဦးတို့က သဒ္ဒါ၊ နာမ်၊ နာမ်စား၊ နာမဝိသေသန၊ ကြိယာ၊ ကြိယာဝိသေသန၊ ကာလ၊ ဝိဘတ်၊ စကားဆက်များ၊ ဝါကျရေးဖွဲ့နည်း၊ စကားစုများနှင့်ပုဒ်စုများ၊ ဝါကျများပေါင်းစပ်ခြင်း၊ အသုံးထူးဝေါဟာရများ စသည့်ဘာသာ ရပ်တို့ကို သင်တန်းကာလ (၂၁ ) ရက်ကြာလည်းကောင်း အသီးသီးစာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။



