back

ခန္တီးမြို့ အ.ထ.က(ခန္တီး)၌ မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်

Mar 10 • 1:07 PM

breaking-news

မြန်မာ

စစ်ကိုင်း

cover

ခန္တီးမြို့ အ.ထ.က(ခန္တီး)၌ မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ (၁၇)ရက်နေ့မှ စတင်ဖြေဆိုမည်ဖြစ်သည့်အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် မီးသတ်ဆေးဘ...


၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ (၁၇)ရက်နေ့မှ စတင်ဖြေဆိုမည်ဖြစ်သည့်အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် မီးသတ်ဆေးဘူးများပြန်လည်စစ်ဆေးခြင်း၊ လျှပ်စစ်မီးသွယ်တန်းထားမှုများစစ်ဆေးခြင်း၊ ချက်ပြုတ်သည့် မီးဖိုဆောင်များ မီးဘေးအန္တရာယ်မရှိစေရေး စစ်ဆေးဆောင်ရွက်ခြင်းနှင့် မီးချိတ်မီးကပ်၊ သဲပုံးရေပုံး၊ ရေကန်ထားရှိမှုများ စစ်ဆေးဆောင်ရွက်ခြင်းလုပ်ငန်းများကို ယနေ့ နံနက် (၉)နာရီအချိန်က စာစစ်ဌာန အခြေခံပညာအထက်တန်းကျောင်း(ခန္တီး) နှင့် ကျောင်းပတ်ဝန်းကျင်ရှိလူနေအိမ်များ၌ မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။



news-view-count-icon

23