ဧရာဝတီတိုင်းဒေသကြီးရှိ သမိုင်းဝင်ဆံတော်ရှင် မြတ်မော်တင်စွန်းဘုရားပွဲတော်သို့ ပုသိမ်ဆိပ်ကမ်းမှတဆင့် သင်္ဘောရေယာဉ်များဖြင့် သွားရောက်ဖူးမြော်သူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။မြတ်မော်တင်စွန်းစေတီ ဗုဒ္ဓပူဇနိယပွဲတော်ကို ဖေဖော်ဝါရီလ (၂၇) ရက်မှစတင်ပြီး မတ်လ (၁၃) ရက်ထိ (၁၅) ရက်ကြာကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။



