back

ပြည်တွင်း SKD အမျိုးအစား ကားသစ်အချို့ ဈေးပြန်ကျ

Mar 10 • 11:06 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်း SKD အမျိုးအစား ကားသစ်အချို့ ဈေးပြန်ကျ

SKD အမျိုးအစား ကားသစ်တချို့ ရဲ့ဈေးနှုန်းတွေက အမြင့်ဆုံး ရောက်ခဲ့တဲ့ ကာလနဲ့ နှိုင်းယှဉ်မယ်ဆိုရင် လက်ရှိမှာ ပြန်လည်ကျဆင်းနေပြီး ဝယ်လိုအားကတော့ ပုံမှန်သာရှိတယ်လို့...


SKD အမျိုးအစား ကားသစ်တချို့ ရဲ့ဈေးနှုန်းတွေက အမြင့်ဆုံး ရောက်ခဲ့တဲ့ ကာလနဲ့ နှိုင်းယှဉ်မယ်ဆိုရင် လက်ရှိမှာ ပြန်လည်ကျဆင်းနေပြီး ဝယ်လိုအားကတော့ ပုံမှန်သာရှိတယ်လို့ ကားဈေးကွက် အသိုင်း အဝိုင်းက သိရပါသည်။လတ်တလောမှာ ကျပ်သိန်း ၂၀၀၀ ဝန်းကျင် SKD မော်တော်ယာဉ်အသစ် အမျိုးအစားတချို့ဟာ စက် တင်ဘာလနဲ့ နှိုင်းယှဉ်ရင် ကျပ်သိန်း ၃၀၀ ဝန်းကျင် နဲ့ ကျပ်သိန်း ၃၀၀၀ ဝန်းကျင် SKD မော်တော်ယာဉ် အသစ်အမျိုးအစားတချို့က ကျပ်သိန်း ၅၀၀ လောက်ကျတယ်လို့ သိရပါတယ်။

တစ်ပတ်ရစ် နံပါတ်ထွက်ပြီးသား SKD အမျိုးအစားကား တချို့ရဲ့ ဈေးနှုန်းတွေကတော့ ကျပ် သိန်း ၅၀ ကနေ ကျပ်သိန်း ၁၀၀ ဝန်းကျင်လောက်ပဲ ကျတယ်လို့ ကားဈေးကွက်က သိရပါသည်။



news-view-count-icon

19