ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသ၊ ဆီဆိုင်မြို့ပေါ်ရပ်ကွက်များတွင် နွေဦးအစ၌ပင် ရေရှားပါးမှု စတင်ကြုံတွေ့နေရပြီး၊ ယခင်ဂျပန်နိုင်ငံမှ လှူဒါန်းထားသည့် ရေမရရှိတော့ခြင်း၊ ချောင်းများ ခန်းခြောက်လာခြင်းတို့ကြောင့် အခြေအနေ ပိုမိုဆိုးရွားလာကာ၊ ဟိုခဲ၊ မြကန်သာ၊ အောင်ချမ်းသာရပ်ကွက်များတွင် အဓိက ရေပြတ်လပ်မှု ဖြစ်ပေါ်နေပြီး၊ မြို့ပေါ်သာမက တောင်ရှေ့အုပ်စု၊ နောင်ကျောအုပ်စုများတွင်လည်း ရေရှားပါးမှု အချိန်စော၍ ကြုံတွေ့နေရကြောင်း သိရသည်။



