နွေရာသီနဲ့ လိုက်ဖက်တဲ့ The Best One Summer Fashion Fest အထူးပရိုမိုးရှင်းပွဲကြီး အခမ်းအနားကို မတ်လ ၇ ရက်ကနေ ၉ ရက်အထိ Junction City ပရိုမိုးရှင်း ဧရိယာမှာ ကျင်းပခဲ့ရာ နှုတ်ခမ်းနီမလေးများရဲ့ အသည်းစွဲအနုပညာရှင်များစွာ တက်ရောက်ခဲ့ကြပါတယ်။အဆိုပါ ပရိုမိုးရှင်းပွဲကြီးကို ပရိသတ် အချစ်တော် ရှိန်းတင်ထူး၊ စိုင်းစည်တွမ်ခမ်း၊ ရတနာမိုင်၊ ချမ်းမြေ့မောင်ချိုတို့က တက်ရောက်ခဲ့ပြီးတော့ ပရိသတ်တွေနဲ့ ဂိမ်းတွေ အတူဆော့ကစားခဲ့တဲ့ အပြင်တေးသီချင်းများနဲ့လည်း သီဆိုဖျော်ဖြေပေးခဲ့ပါသည်။



