ရခိုင်ပြည်နယ် သဘာဝဘေး အန္တရာယ် ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ၊ စားသောက်ကုန်နှင့် လူသုံးကုန် ပစ္စည်းများနှင့် ခွဲကျောက်များ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ မှာယူသည့် ဆန် (40 Kg) ၃၂,၁၂၁ အိတ်၊ ဓာတ်မြေဩဇာ အိတ် ၁,၅၄၀ နှင့် ဆိုလာပြားနှင့် ဆက်စပ်ပစ္စည်းများ စုစုပေါင်း ၁,၄၂၈ ဒသမ ၄၃ တန်တင်ဆောင်၍ ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ရေယာဉ်ဖြင့် ပို့ဆောင်ခဲ့သည်။



