back

၂၀၂၅- ၂၀၂၆ ဘောလုံးရာသီသစ်ဘဏ္ဍာငွေသုံးစွဲမှုနှင့် ဘောလုံးပြက္ခဒိန်အတိုင်း ကျင်းပရန် ဆွေးနွေးအတည်ပြု

Mar 09 • 1:29 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

၂၀၂၅- ၂၀၂၆ ဘောလုံးရာသီသစ်ဘဏ္ဍာငွေသုံးစွဲမှုနှင့် ဘောလုံးပြက္ခဒိန်အတိုင်း ကျင်းပရန် ဆွေးနွေးအတည်ပြု

လာမည့် ၂၀၂၅- ၂၀၂၆ ဘောလုံးရာသီသစ်အတွက် ဘဏ္ဍာငွေလျာထား/သုံးစွဲမှုနှင့် ရာသီသစ်‌အတွက် ရေးဆွဲထားသည့် ဘောလုံးပြက္ခဒိန်အား ဆွေးနွေးအတည်ပြုပြီးဖြစ်ကြောင်းသိရသည်။အဆိုပါ...


လာမည့် ၂၀၂၅- ၂၀၂၆ ဘောလုံးရာသီသစ်အတွက် ဘဏ္ဍာငွေလျာထား/သုံးစွဲမှုနှင့် ရာသီသစ်‌အတွက် ရေးဆွဲထားသည့် ဘောလုံးပြက္ခဒိန်အား ဆွေးနွေးအတည်ပြုပြီးဖြစ်ကြောင်းသိရသည်။အဆိုပါ လုပ်ငန်းစဉ်များ အတည်ပြုမှုကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီ၏ (၁/၂၀၂၅) ပထမအကြိမ် အစည်းအဝေးအတွင်း ဆွေးနွေးအတည်ပြုခဲ့ကြခြင်းဖြစ်သည်။ထို့အပြင် ရာသီသစ် တန်းဆင်း/တန်းတက်ကိစ္စများနှင့် နိုင်ငံတကာကလပ်အသင်းပြိုင်ပွဲအတွက် ယှဉ်ပြိုင်ခွင့်ရမည့် အသင်းသတ်မှတ်ပေးခြင်းကိစ္စများကို MNL Regulations ပါ ပြဌာန်းချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်ရန်နှင့် Regulations တွင် ထူးခြားသည့်ကိစ္စရပ်များနှင့်ပတ်သက်၍ လိဂ်ကော်မတီက ဆုံးဖြတ်အတည်ပြုရမည့်ကိစ္စရပ်များကို Regulations တွင် ဖြည့်စွက်ပြဌာန်း၍ လိဂ်ကော်မတီတွင် ထပ်မံအတည်ပြုပြီး ဆက်လက်ဆောင်ရွက်သွားရန်ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။



news-view-count-icon

35