ယခုနှစ်နေပြည်တော်တွင် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်မှာ လမ်းလျှောက်သင်္ကြန်ပွဲတော် နဲ့အတူ မြန်မာ့သနပ်ခါး ယဉ်ကျေးမှု ဓလေ့ကိုပါ ထည့်သွင်းကျင်းပနိုင်ဖို့စီစဉ်နေတယ်လို့ သိရပါတယ်။သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနေနဲ့ လမ်းလျှောက် သင်္ကြန်အောင်မြင်စွာကျင်းပနိုင်ဖို့အတွက်ယိမ်းအကအလှတွေနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်သွားမှာဖြစ်သလို ၊ ယူနက်စကိုကအသိအမှတ်ပြုပြီး ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနေ့ဖြစ်တဲ့ မြန်မာ့ရိုးရာအတာသင်္ကြန်နဲ့ အတူ နောက်ထပ် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ်တင်ပြသွားမယ့်မြန်မာ့ရိုးရာသနပ်ခါး ကို ပါ တစ်ပြိုင်တည်းဖော်ပြသွားဖို့စီစဥ်နေတာဖြစ်သည်ဟုထုတ်ပြန်ထားပါတယ်။
Mar 09 • 9:07 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 30 | 0 | 0 | 0 |


