back

ရန်ကုန်ရပ်ကွက်များတွင် လှည့်ဈေးသည်များ များလာ၍ အထိုင်ဆိုင်များ အရောင်းကျ၊ ဈေးနှုန်းမြင့်မှုကြောင့်လည်း အခက်တွေ့

Mar 09 • 6:43 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်ရပ်ကွက်များတွင် လှည့်ဈေးသည်များ များလာ၍ အထိုင်ဆိုင်များ အရောင်းကျ၊ ဈေးနှုန်းမြင့်မှုကြောင့်လည်း အခက်တွေ့

ရန်ကုန်ရပ်ကွက်များတွင် လှည့်လည်ရောင်းချသည့် ဈေးသည်များ ယခင်ထက် များလာသဖြင့် အထိုင်ဆိုင်များ အရောင်းကျဆင်းနေကြောင်း သိရသည်။ ယခင်က နှစ်ဦး၊ သုံးဦးသာရှိရာမှ ယခု ခုန...

ရန်ကုန်ရပ်ကွက်များတွင် လှည့်လည်ရောင်းချသည့် ဈေးသည်များ ယခင်ထက် များလာသဖြင့် အထိုင်ဆိုင်များ အရောင်းကျဆင်းနေကြောင်း သိရသည်။ ယခင်က နှစ်ဦး၊ သုံးဦးသာရှိရာမှ ယခု ခုနှစ်ဦး၊ ရှစ်ဦးအထိ များလာခြင်း၊ တစ်ဦးနှင့်တစ်ဦး မတူညီအောင် ကုန်ပစ္စည်းပြောင်းလဲရောင်းချရခြင်းနှင့် စမူဆာ၊ အီကြာကွေးကဲ့သို့သော စားသောက်ကုန်များ ဈေးနှုန်းမြင့်တက်လာခြင်းတို့ကြောင့် ရောင်းအားထိခိုက်နေကြောင်း ဈေးသည်များနှင့် ဆိုင်ရှင်များက ပြောသည်။


news-view-count-icon

31