back

ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများနဲ့တရားခံအမျိုးသမီး ဖမ်းဆီးရမိခဲ့

Mar 09 • 5:50 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများနဲ့တရားခံအမျိုးသမီး ဖမ်းဆီးရမိခဲ့

မတ်လ ၇ ရက်နေ့ ၁၅နာရီ၁၅မိနစ် အချိန် တွင်မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ကွန်ဟိန်းမြိ...

မတ်လ ၇ ရက်နေ့ ၁၅နာရီ၁၅မိနစ် အချိန် တွင်မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ ရပ်ကွက်(၅)၊ နားကန်လမ်းနေ မအီစိန် ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၄,၁၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၂၀.၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မအီစိန်(၅၇)နှစ်အား ကာလိနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိပါတယ်။

news-view-count-icon

53