back

မြန်မာဘောက်ဆင်ကစားသမား နိုင်ဝင်းထွန်း ပထမဆုံးအကြိမ် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့

Mar 09 • 5:34 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မြန်မာဘောက်ဆင်ကစားသမား နိုင်ဝင်းထွန်း ပထမဆုံးအကြိမ် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌မတ်လ (၈)ရက်၌ ကျင်းပပြုလုပ်ခဲ့သည့် Asian Friendship Silver Belt Championship ဘောက်ဆင်ပြိုင်ပွဲတွင် မြန်မာဘောက်ဆင်ကစားသမား နိုင်ဝင်းထွ...

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌မတ်လ (၈)ရက်၌ ကျင်းပပြုလုပ်ခဲ့သည့် Asian Friendship Silver Belt Championship ဘောက်ဆင်ပြိုင်ပွဲတွင် မြန်မာဘောက်ဆင်ကစားသမား နိုင်ဝင်းထွန်းက ပထမဆုံးအကြိမ် နိုင်ငံကိုယ်စားပြု အနိုင်ရရှိခဲ့ကြောင်း သိရပါတယ်။၎င်းသည် (၁၅၄) ဝိတ်တန်းတွင် တရုတ်ဖိုက်တာ Chen Zhao ဖြင့် လေးချီထိုးသတ်ရာ၊ လေးချီလုံးအသားစီးရ ထိုးသတ်ကာ အနိုင်ရရှိခဲ့ခြင်းဖြစ်ပါတယ်။မြန်မာဘောက်ဆင် ကော်မရှင်(MBC)၏ ကြီးကြပ်မှုဖြစ် ဂျပန်နိုင်ငံ ၊အိုဆာကာမြို့၌ ပြီးခဲ့သည့် ဖေဖော်ဝါရီ(၂၄)ရက်တွင် ကျင်းပပြုလုပ်ခဲ့သော BENKI FIGHT ဘောက်ဆင်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ မြန်‌မာဘောက်ဆင် (၃)ဦးလုံး ရှုံးနိမ့်ထားသလို ယခု ထိုင်းနိုင်ငံပြိုင်ပွဲသို့သွားရောက် ယှဉ်ပြိုင်ထိုးသတ်သော မြန်မာဘောက်ဆင်ကစားသမား (၃)ဦးအနက် (၁)ဦးအနိုင်ရရှိခဲ့ခြင်းဖြစ်ပါတယ်။

news-view-count-icon

29