ရွှေလုပ်ငန်းလိုင်စင်မရှိဘဲ အွန်လိုင်းမှာ ရောင်းချပါက အရေးယူခံရနိုင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးမျိုးမြင့်က ဒီကနေ့ အသင်းရုံးမှာပြုလုပ်တဲ့ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်ပွဲမှာ ပြောကြားခဲ့ပါတယ်။



