မတ်လ ၈ရက်တွင်ညနေပိုင်းအချိန်ကပြည်မြို့ အထွက် နတ္တလင်း ဇီးအုပ်တံတားအနီး ယာဥ်တိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ပရဟိတပါရမီအသင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ညနေ လေးနာရီအချိန်ခန့်က အိမ်စီးကားတစ်စီး လေးကျိုးပြီး အမျိုးသားတစ်ဦး မောင်းလာတဲ့ ဆိုင်ကယ်ကို ဝင်တိုက်တိမ်းမှောက်ခဲ့ကာ ဆိုင်ကယ်စီးလာသူ အမျိုးသားတစ်ဦး ပါးကွဲ ဦးခေါင်းကွဲ ခြေထောက်ကျိုး ဒဏ်ရာများ ရရှိခဲ့တာကြောင့် ပြည်မြို့ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ရပါတယ်။



