မြန်မာနိုင်ငံတွင်းရှိ ပြည်ပရောက် အလုပ်သမားတွေထံကနေ ပြန်ပို့ငွေ အထောက်အထား မတင်ပြနိုင်တဲ့ အေဂျင်စီ ၃၉ ခုကို မတ်လ ၁၀ ရက်နေ့မှာ နောက်ဆုံးထားပြီး မတင်ပြနိုင်ရင် အလုပ်ခေါ်စာ (Demand Letter) အသစ်တင်ပြခွင့်ကို ဆိုင်းငံ့ပြီးဒဏ်ကြေးပါ ပေးဆောင်ရမှာဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့ကလည်း အခွန်မဆောင်တဲ့အတွက် ပြည်ပအလုပ်အကိုင် အေဂျင်စီ တစ်ရာကျော် ၁၂၃ ခုကို လုပ်ငန်းလုပ်ကိုင်ခွင့် ဆိုင်းငံ့ခံခဲ့ရပါတယ်။
Mar 09 • 4:14 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 21 | 0 | 0 | 0 |


