တာချီလိတ်မြို့ မယ်ဆိုင်ချောင်းတွင် နှစ်စဉ် သင်္ကြန်ကာလအတွင်း ဈေးဆိုင်များ ဖွင့်လှစ်လေ့ရှိသော်လည်း၊ ယခုနှစ်တွင် ချောင်းရေ ညစ်ညမ်းမှုကြောင့် ဈေးမရောင်းလိုကြပေ။ သို့သော် လွယ်တော်ခမ်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ရန်ပုံငွေအတွက် ဖွင့်လှစ်ရန် ဖိအားပေးနေကြောင်း ဈေးသည်များက ဆိုသည်။ ဈေးသည်များက ဈေးမဖွင့်လိုသော်လည်း နောက်နှစ် ဈေးဆိုင်နေရာ ဆုံးရှုံးမည်ကို စိုးရိမ်သောကြောင့် လက်မှတ်ထိုးလိုက်ရခြင်းဖြစ်ကြောင်း၊ ၎င်းတို့၏ စိုးရိမ်မှုများနှင့် အခက်အခဲများကို မြို့နယ်အုပ်ချုပ်ရေးမှူးသိရှိပြီး အကူအညီပေးရန် လိုအပ်နေကြောင်း သိရသည်။



