back

ကသာမှာ မကြာခဏကားလမ်းပိတ်ထားတာကြောင့်ကုန်စည်စီးဆင်းမှုနဲ့ ငွေကြေးလည်ပတ်မှုတို့ ရပ်တန့်သလိုဖြစ်နေ

Mar 09 • 3:33 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ကသာမှာ မကြာခဏကားလမ်းပိတ်ထားတာကြောင့်ကုန်စည်စီးဆင်းမှုနဲ့ ငွေကြေးလည်ပတ်မှုတို့ ရပ်တန့်သလိုဖြစ်နေ

ကသာမြို့မှာ ငွေကြေးစီးဆင်းမှုနဲ့ ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်နေတဲ့ အနေအထားမျိုးကြုံတွေ့နေရတယ်လို့ ကုန်သည်ပွဲစားနဲ့ငွေထုတ်ငွေလွဲ လုပ်ကိုင်သူများထံကနေ သိရပါတယ်။ကသ...

ကသာမြို့မှာ ငွေကြေးစီးဆင်းမှုနဲ့ ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်နေတဲ့ အနေအထားမျိုးကြုံတွေ့နေရတယ်လို့ ကုန်သည်ပွဲစားနဲ့ငွေထုတ်ငွေလွဲ လုပ်ကိုင်သူများထံကနေ သိရပါတယ်။ကသာနဲ့မန္တလေးသွားရာ ကားလမ်း၊ကသာနဲ့မြစ်ကြီးနားသွားရာလမ်း ၊ကသာနဲ့မုံရွာကားလမ်းကြောင်းတို့မှာ မကြာခဏကားလမ်းပိတ်ထားတာမျိုးဖြစ်နေပါတယ်။ကသာကနေ မန္တလေးသွားမယ်ဆိုအနည်းဆုံး ကားလမ်းမပိတ်ရင်နှစ်ရက်လောက်လမ်း မှာကြာပြီး ခရီးစရိတ်ကမန္တလေးနဲ့ကသာကိုတစ်ယောက်လျှင် တစ်သိန်း‌ကျော်လောက်နဲ့သွားဖို့လာဖို့ကမလွယ်ကူတော့ပါဘူးလို့ကသာမြို့ဒေသခံကပြောပါတယ်။

news-view-count-icon

20