ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်၌ သာယာလှပရေးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် မတ် ၈ ရက်တွင် အောင်ဆန်းရပ်ကွက် ရွှေနံ့သာလမ်း၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ရာ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ပြည်သူများ အင်အား ၂၀၀ ခန့် ပါဝင်ခဲ့ပြီး ရွှေနံ့သာလမ်းဘေးရှိ မြက်ပင်များခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များသိမ်းဆည်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။



